အိမ်ဖြူတော် သမ္မတ ရုံးခန်းထဲက ထူးခြား ဓာတ်ပုံတွေ

ရေးသားခဲ့သည်။

အိုဗယ် ရုံးခန်းထဲ ရိုက်ကူး ခဲ့တဲ့ ဓာတ်ပုံ တွေထဲ ထူးထူး ခြားခြား ဖြစ်နေ ခဲ့တဲ့ ဓာတ်ပုံ တချို့။

အိမ်ဖြူတော်
ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော် အကြီးတန်း အကြံပေး Kellyanne Conway တစ်ယောက် ဆိုဖာပေါ် ခြေနှစ်ဘက်လုံး ဒူးကွေး ထိုင်လျက်သား တွေ့ရတဲ့ ဓာတ်ပုံ လူတွေကြား အပြောများ ခဲ့တဲ့နောက် အိုဗယ် ရုံးခန်းထဲ ရိုက်ကူး ခဲ့တဲ့ ဓာတ်ပုံ တွေထဲ ထူးထူး ခြားခြား ဖြစ်နေ ခဲ့တဲ့ ဓာတ်ပုံ တချို့ကို တင်ဆက် ပေးလိုက်ပါတယ်။
အိမ်ဖြူတော်
ဓာတ်ပုံ ပုံစာ, သမ္မတ ကနေဒီရဲ့သား ဂျွန်ဂျူနီယာ
အိမ်ဖြူတော်
ဓာတ်ပုံ ပုံစာ, ရောဘတ် ကနေဒီရဲ့ သမီး နှစ်ယောက်။ ၁၉၆၃ ကတော့ ကနေဒီ မိသားစုတွေ အထင်ရှားဆုံး နှစ်ပေါ့။ အစ်ကိုဖြစ်သူ သမ္မတ ကနေဒီ လက်ထက် ရောက်ဘတ် ကနေဒီဟာ ရှေ့နေချုပ်ပါ။ အခုပုံကတော့ ရောဘတ် ကနေဒီရဲ့ သမီး နှစ်ယောက် ဖြစ်တဲ့ ကာရိုလိုင်းနဲ့ ကယ်ရီတို့ သမ္မတ ရုံးခန်းထဲ ကလေးတွေ ပီပီ ဆော့ နေကြတဲ့ ပုံပါ။
အိမ်ဖြူတော်
ဓာတ်ပုံ ပုံစာ, သမ္မတ ဖြစ်လာတဲ့ မစ္စတာ ဖို့ဒ်။ ရစ်ချက် နစ်ဆင် ရာထူးက နှုတ်ထွက် သွားအပြီး သမ္မတ ဖြစ်လာတဲ့ မစ္စတာ ဖို့ဒ်ကို စားပွဲပေါ် ခြေတင်လျက်သား တွေ့ရစဉ်။
အိမ်ဖြူတော်
ဓာတ်ပုံ ပုံစာ, သမ္မတ ရော်နယ် ရီဂင်။ ကာလီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ်ရဲ့ အမေရိကန် ဘောလုံး အသင်းက လက်မှတ် ထိုးထားတဲ့ ဘောလုံးကို ကိုင်ထားတဲ့ သမ္မတ ရော်နယ် ရီဂင်ပါ။ ရုပ်ရှင်မင်းသားကနေ သမ္မတ ဖြစ်လာတဲ့ မစ္စတာ ရီဂင်ဟာ နာမည်ကျော် အမေရိကန် ဘောလုံး ကစားသမား George Gipp အဖြစ် သူ သရုပ်ဆောင်ခဲ့တဲ့ Knute Rockne, All American" ဆိုတဲ့ ကားထဲက အတိုင်း ပြန်ပြီး သဏ္ဍာန်လုပ် သရုပ်တူပြတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်
ဓာတ်ပုံ ပုံစာ, ယူကျူ့ပေါ် Kid President ရယ်လို့ လူသိများတဲ့ ၉ နှစ်သားလေး ။ ၂၀၁၃ အေပရယ်ဖူးလ် နေ့မှာ အိမ်ဖြူတော်ထဲ ရိုက်ထားတဲ့ ပုံ။