မက္ကဆီကိုငလျင် ကယ်ဆယ်ရေးတွေ ဆက်လုပ်
ရေးသားခဲ့သည်။
မက္ကဆီကိုမှာ အင်္ဂါနေ့တုန်းက ငလျင်ဒဏ် ဆိုးဆိုးဝါးဝါးခံလိုက်ရပြီးနောက် အသက်ရှင်ပြီး ပိတ်မိနေသူတွေ ရှိမရှိ ဆက်လက် ရှာဖွေနေပါတယ်။ နိုင်ငံတကာဘက်က အကူအညီတွေ ပေးကြဖို့လည်း မက္ကဆီကို တောင်းခံထားပါတယ်။ စာသင်ကျောင်းတစ်ခု ပြိုကျရာမှာ အနည်းဆုံး ကလေး ၂၁ ဦး သေဆုံးခဲ့ပါတယ်။ ကလေးတချို့ကိုလည်း ပြန်ရှာလို့ မတွေ့သေးပါဘူး။ မက္ကဆီကို တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် အနည်းဆုံး လူပေါင်း ၂၃၀ သေဆုံးခဲ့ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။