တရုတ်က အနမ်းယဉ်ကျေးမှု
ရေးသားခဲ့သည်။
အာရှမှာ လူတွေက တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်ရင် သိပ်ပြီး ဖက်ကြ နမ်းကြလေ့ မရှိလှပါဘူး။ ဒါကလည်း နမ်းတယ် ပြုတယ်ဆိုတာ အနောက်တိုင်း ယဉ်ကျေးမှုလို့ ရှုမြင်ကြလို့ပါ။ ဒါပေမယ့် တရုတ်ပြည်က ဆီချွမ် ပြည်နယ်တွင်းမှာရှိတဲ့ အာဘာ ဒေသမှာတော့ ဒီလို မဟုတ်ပါဘူး။ သူတို့ကတော့ နမ်းလိုက်ကြတာ အနမ်းပွဲတော်တောင် ကျင်းပကြတဲ့ အထိပါ။ ဘီဘီစီ တရုတ်ဘာသာ ဌာနက အဲဒီ အထိ ကိုယ်တိုင်သွား လေ့လာခဲ့တာကို ကိုမင်းထက်က ပြန်ပြောပြမှာပါ။