မန္တလေး ရွှေဝါရောင်ကို မှတ်တမ်းတင်သူ
ရေးသားခဲ့သည်။
ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ကာလအတွင်း ဖမ်းဆီး ဖိနှိပ်မှု တွေကို ဓာတ်ပုံ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်သူတွေ ရှိခဲ့ပါတယ်။ ဒီထဲက မန္တလေးမှာ ဖြစ်ခဲ့တဲ့ ဖမ်းဆီးမှုတွေကို ဧည့်ခန်း ပြတင်းကြားက ချောင်းရိုက်ခဲ့သူက စာရေးဆရာ ညီပုလေးပါ။
သူက ၂ဝဝ၇ စက်တင်ဘာလ ၂၇ ရက်က ဆန္ဒပြပွဲ မြင်ကွင်းနဲ့ ရိုက်နှက် ဖြိုခွဲခဲ့တာတွေကို ခုလို ပြောပြပါတယ်။