IS ရဲ့ နောက်းဆုံးစခန်းကို ချေမှုန်းတဲ့ တိုက်ပွဲ

ဗီဒီယို ပုံစာ, IS ရဲ့ နောက်းဆုံးစခန်းကို ချေမှုန်းတဲ့ တိုက်ပွဲ
ရေးသားခဲ့သည်။

သူတို့ကိုယ်သူတို့ အစ္စလာမ္မစ်နိုင်ငံလို့ ခေါ်တဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ နောက်ဆုံး အဓိက ခြေကုပ်စခန်းကို တိုက်ခိုက်နေတဲ့ အခြေအနေတွေကို ဘီဘီစီက သီးသန့် သတင်းယူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ရက္ကာလို့ခေါ်တဲ့ ဆီးရီးယားမြို့မှာပါ။ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ အာရပ်နဲ့ ကာ့ဒ်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ အိုင်အက်စ်တွေကနေ ဆီးရီးယားနဲ့ အီရတ်ထဲက ဒီနယ်မြေတွေကို သိမ်းခဲ့တဲ့ ဇွန်လကတည်းကစပြီး ဒီတန်ပြန်စစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လူတွေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာမို့ မြို့ထဲမှာက အိုင်အက်စ် လက်နက်ကိုင်တွေပဲ ကျန်ပါတယ်။ ဒီတိုက်ပွဲအတွင်း ဘီဘီစီက အရှေ့အလယ်ပိုင်း သတင်းထောက် ကွန်တင် ဆန်းမားဗေးလ် နဲ့ ဗီဒီယိုံသတင်းထောက် ဒါရင် ကွန်းဝေးတို့က သတင်းပေးပို့ထားတာကို ဦးဘမော်က ပြန်ပြောပြထားပါတယ်။ ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာပုံရိပ်တွေ ပါဝင်တယ်ဆိုတာ ကြိုတင် အသိပေးအပ်ပါတယ်။