အင်ဒိုနီးရှားက မောင့်အာဂွန် မီးတောင်ကြီး ပေါက်ကွဲလု ဖြစ်နေ
ရေးသားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက မောင့်အာဂွန်မီးတောင်ကြီး ပေါက်ကွဲလုဖြစ်နေတာကြောင့် လူ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းထားကြရပါတယ်။ လူမှုကူညီကယ်ဆယ်ရေးတွေက အပြည့်အစုံရှိနေပေမယ့်လည်း ဘယ်တော့ ပေါက်မလဲ သေချာမသိဘဲ စောင့်မျှော်နေကြရတာမို့ သူတို့ရဲ့ လူမှုဘဝတွေအပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။