လူမှုကယ်ဆယ်ရေး ပရဟိတလုပ်ကိုင်သူ မိုင်းမိုင်

အသံဖိုင် ပုံစာ, လူမှုကယ်ဆယ်ရေး ပရဟိတလုပ်ကိုင်သူ မိုင်းမိုင်
ရေးသားခဲ့သည်။

လေးစား အားကျ အတုယူစဖွယ် အမျိုးသမီး ၁ဝဝ အစီအစဉ်ကို ဘီဘီစီက တင်ဆက် ပေးနေပါတယ်။

ဒီတစ်ခေါက်မှာတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီသူ လူမှုကယ်ဆယ်ရေးသမား မိုင်းမိုင် အကြောင်း နားထောင်ရမှာပါ။

မိုင်းမိုင်ဟာ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပန်မှာ မွေးဖွားပြီး ကွတ်ခိုင်မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် Women of Change ဆိုပြီး အမေရိကန်က ဆုချီးမြှင့် ခဲ့ပါတယ်။

သူ့အတွေ့အကြုံ ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေက သူ့ရဲ့ ဝန်းကျင်ကမ္ဘာ စစ်ပွဲတွေကြားမှာ လူမှုကယ်ဆယ်ရေး လုပ်ဆောင်ဖို့ တွန်းပို့ပေးစေခဲ့တယ် ဆိုပြီး မိုင်းမိုင်က ဘီဘီစီကို ပြောပြ ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း