အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့်
ရေးသားခဲ့သည်။
အမေရိကန်နိုင်ငံ လာ့စ် ဗေးဂတ်စ်မြို့မှာ တင်္ဂနွေနေ့တုန်းက ပစ်ခတ်ခဲ့တဲ့ သေနတ်သမားရဲ့ ချစ်သူဟာ ပြည်ပကနေ အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ သေနတ်သမား ဘာကြောင့် ဒီလို ပစ်ခတ်ခဲ့ရသလဲဆိုတာကို သူ့ချစ်သူကတဆင့် ပိုမိုသိရဖို့ အမေရိကန် စုံစမ်းရေးမှူးတွေက မျှော်လင့်နေပါတယ်။ ဒီအတောအတွင်းမှာမှာပဲ အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့် ဆက်ပေးသင့် မပေးသင့် ငြင်းခုံဆွေးနွေးကြတာတွေနဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီကိစ္စဆွေးနွေးဖို့ အချိန် မကျသေးဘူးဆိုပြီးပဲ ပြောပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ သေနတ်ကိုင်ဆောင်မှု အများဆုံးနိုင်ငံဖြစ်ပြီး လက်နက် စုစုပေါင်း သန်း ၃၀၀ တောင်ရှိပါတယ်။ ဦးဘမော်က ပြောပြထားပါတယ်။