နောက်ကြောင်းလိုက်မယ့် လက်ဗွေရာ

ဗီဒီယို ပုံစာ, နောက်ကြောင်းလိုက်မယ့် လက်ဗွေရာ
ရေးသားခဲ့သည်။

ရာဇဝတ်မှုတွေအတွက် လက်ဗွေရာ ယူတဲ့ စနစ်က အဆင့်မြင့်လာနေပါပြီ။ လက်ဗွေရာတစ်ခုတည်းအတွက်တင် မဟုတ်ပဲ လက်ပေါ်က သွေးစသွေးန၊ ဆေးဝါးသုံးစွဲမှု နဲ့ ဘယ်လို ခေါင်းလိမ်းဆီ သုံးတာကအစ ခြေရာခံနိုင်မယ့် လက်ဗွေရာ ယူနည်းမျိုး ဖြစ်ပါတယ်။ ဒီလို လက်ဗွေရာကို သက်သေခံပစ္စည်းအဖြစ်ပါ တရားရုံးမှာ တင်သွင်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၁၂ ခုနှစ်ကတည်းက စမ်းသပ်ပြီး သုံးခဲ့တာပါ။ တချို့ မဖြေရှင်းနိုင်ခဲ့တဲ့ အမှုတွေကိုတောင် ဒီလက်ဗွေရာကို နောက်ကြောင်းလိုက်ပြီး စစ်ဆေး ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြထားပါတယ်။