ချေဂွေဗားရားရဲ့သား ထောင်တဲ့ စီးပွားရေး
ရေးသားခဲ့သည်။
တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာကျော်ခဲ့တဲ့ အာနတ်စတို ချေဂွေဗားရား ကွယ်လွန်တာ နှစ် ၅၀ ပြည့်ပါပြီ။ အာဂျင်တီးနားမှာ မွေးခဲ့ပြီး ကျူးဘားတော်လှန်ရေးမှာ ပါဝင်ခဲ့သူ ချေဟာ ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ၁၉၅၉ မှာ ဖီဒယ်ကက်စထရိုနဲ့အတူ ပူးပေါင်းပြီး စစ်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် ကျူးဘားမှာ မာ့စ် လီနင် စီပွားရေးမူဝါဒ ချမှတ်ခဲ့ပါတယ်။ ချေဟာ ဆိုရှယ်လစ် အတွေးအခေါ်တွေနဲ့ နာမည်ကြီးခဲ့ပေမယ့် သူသားတစ်ဦးကတော့ အဲဒီလို မဟုတ်ပါဘူး။ သူဟာ ကျူးဘားမှာ မော်တော်ဆိုင်ကယ် ခရီးသွားကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားပါတယ်။ ကျူးဘားကနေ ပေးပို့တဲ့ ဘီဘီစီရဲ့ သတင်းလွှာကို ကိုမင်းထက်က ပြောပြထားပါတယ်။