ရုရှားအစိုးရရေငုံနေတဲ့ အောက်တိုဘာတော်လှန်ရေး

ရေးသားခဲ့သည်။

ရုရှားနိုင်ငံက ဘော်ရှီဗစ်တော်လှန်ရေးအောင်ပွဲဟာ နှစ် ၁၀ဝ တိုင်ခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိ ရုရှားအစိုးရကတော့ အောင်ပွဲခံ အခမ်းအနားတွေကို သိပ်ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ပါဘူး။

ကွန်မြူနစ်တွေ အောင်ပွဲခံခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေအစား မော်စကိုအစိုးရကတော့ ဒုတိယကမ္ဘာစစ် အတွင်းက စစ်သားတွေကို ဂုဏ်ပြုတဲ့ ချီတက်ပွဲသာ ကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်တွေ အောင်ပွဲခံခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေအစား မော်စကိုအစိုးရကတော့ ဒုတိယကမ္ဘာစစ် အတွင်းက စစ်သားတွေကို ဂုဏ်ပြုတဲ့ ချီတက်ပွဲသာ ကျင်းပခဲ့ပါတယ်။
၁၉၄၁ ခုနှစ် နာဇီဂျာမနီ ဆန့်ကျင်ရေး ရုရှားစစ်မျက်နှာ ဂုဏ်ပြုပွဲသာ ကျင်းပခဲ့ပြီး အဲဒီပွဲကိုလည်း သမ္မတ ပူတင် တက်ရောက်တာ မတွေ့ရသလို အစိုးရ ရုပ်မြင်သံကြားကနေလည်း တိုက်ရိုက် မထုတ်လွှင့်ခဲ့ပါဘူး။
ဓာတ်ပုံ ပုံစာ, ၁၉၄၁ ခုနှစ် နာဇီဂျာမနီ ဆန့်ကျင်ရေး ရုရှားစစ်မျက်နှာ ဂုဏ်ပြုပွဲသာ ကျင်းပခဲ့ပြီး အဲဒီပွဲကိုလည်း သမ္မတ ပူတင် တက်ရောက်တာ မတွေ့ရသလို အစိုးရ ရုပ်မြင်သံကြားကနေလည်း တိုက်ရိုက် မထုတ်လွှင့်ခဲ့ပါဘူး။
ကွန်မြူနစ်တွေကတော့ လီနင်နဲ့ စတာလင်ရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး မော်စကိုမှာ သီးသန့် ချီတက်ပွဲ လုပ်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီဟာ အရင်ကလိုတော့ အားနဲ့အင်နဲ့ မရှိတော့ပါဘူး။
ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်တွေကတော့ လီနင်နဲ့ စတာလင်ရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး မော်စကိုမှာ သီးသန့် ချီတက်ပွဲ လုပ်ခဲ့ပါတယ်။ ကွန်မြူနစ်ပါတီဟာ အရင်ကလိုတော့ အားနဲ့အင်နဲ့ မရှိတော့ပါဘူး။
စပိန်အပါအဝင် အခြားနိုင်ငံတွေက ကွန်မြူနစ်တွေကလည်း မော်စကိုက အောက်တိုဘာတော်လှန်ရေး ရာပြည့်အခမ်းအနားမှာ သွေးစည်းညီညွတ်ကြောင်းပြသတဲ့ အနေနဲ့ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, စပိန်အပါအဝင် အခြားနိုင်ငံတွေက ကွန်မြူနစ်တွေကလည်း မော်စကိုက အောက်တိုဘာတော်လှန်ရေး ရာပြည့်အခမ်းအနားမှာ သွေးစည်းညီညွတ်ကြောင်းပြသတဲ့ အနေနဲ့ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပါတယ်။
လီနင်ရုပ်ပုံပါတဲ့ အလံနောက်ခံနဲ့ မြင်တွေ့ရတဲ့ ဘေလာရုစ်နိုင်ငံသူ တဦး။ အရင်က ဆိုဗီယက် ပြည်ထောင်စုထဲ ပါခဲ့တဲ့ နိုင်ငံတွေမှာလည်း အောက်တိုဘာရာပြည့် အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ ပုံစာ, လီနင်ရုပ်ပုံပါတဲ့ အလံနောက်ခံနဲ့ မြင်တွေ့ရတဲ့ ဘေလာရုစ်နိုင်ငံသူ တဦး။ အရင်က ဆိုဗီယက် ပြည်ထောင်စုထဲ ပါခဲ့တဲ့ နိုင်ငံတွေမှာလည်း အောက်တိုဘာရာပြည့် အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။