သမ္မတ ထရမ့် တရုတ်ပြည်ရောက်ရှိ
ရေးသားခဲ့သည်။
သူ့ သမ္မတ သက်တမ်းအတွင်း ပထမဆုံး အကြိမ်အဖြစ် အာရှဘက်ကို ခရီးထွက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်ပြည်ကို ရောက်ရှိသွားပြီဖြစ်ပြီး သူ့ကို ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြပါတယ်။ သမ္မတ ထရမ့်ဟာ တရုတ်ပြည်မှာ ရောက်ရှိနေစဉ်အတွင်းမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်လို့ တရုတ်ဘက်က ပိုမို ဖိအား ပေးဖို့ အတွက် တောင်းဆိုမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် တရုတ်သမ္မတ ရှီကျင်ပင်းဘက်က ဘယ်လောက်အထိ လိုက်လျောမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ဦးဘမော်က ပြောပြမှာပါ။