လှတယ်ဆိုတာ ဘာလဲ ?

ဗီဒီယို ပုံစာ, လှတယ်ဆိုတာ ဘာလဲ ?
ရေးသားခဲ့သည်။

လှတယ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပာယ် အမျိုးမျိုး ဖွင့်တတ်ကြပါတယ်။ ဘယ်လောက်ပဲ ရုပ်ဆိုးတယ်လို့ အများက သတ်မှတ်ပါစေ ‘ကိုယ်ထင် ကုတင် ရွှေနန်း’ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကိုယ်မျက်စိထဲမှာ လှတဲ့သူက ဘယ်သူဘာပြောပြော လှနေကြမှာပါပဲ။

ဒါပေမယ့် အများအမြင်မှာ လှဖို့အတွက်လည်း လူတွေ အလှပြင်ကြပါတယ်။ နာမည်ကြီး အနုပညာရှင်တွေအပါအဝင် လူတချို့ဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ အရေပြား ခွဲစိတ်ပြုပြင်တာတွေထိ လုပ်ကြပါတယ်။ အဲဒီလို ပြုပြင်ရင်ကော ပိုလှပါသလား။ လူ တစ်ယောက် လှဖို့ အဓိက လိုအပ်ချက်က ဘာပါလဲ။

မိတ်ကပ်ပညာရှင် မထက် (Pop Soul) က အလှအပေါ် သူ့ရဲ့ အမြင်ကို ပြောပြထားတာ ရှုစားနိုင်ပါတယ်။