ရတ်ကို မလာဒစ်ချ်ကို တသက်အမိန့်ချ
အရင် ယူဂိုဆလားဗီးယား ပြည်တွင်းစစ်ကာလအတွင်းက စစ်ရာဇဝတ်မှုတွေကိုစစ်ဆေးတဲ့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးက ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကြောင့် ဘော့စနီးယား ဆာ့ဘ်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီးဟောင်း ရတ်ကို မလာဒစ်ချ်ကိုထောင်ဒဏ် တစ်သက် အမိန့်ချမှတ်လိုက်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း မှာ သူ့ရဲ့တပ်ဖွဲ့တွေဟာ ဘော့စနီးယားမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေနဲ့စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကိုတုန့်ပြန်ပုံတွေကတော့ အမျိုးစုံရှိပါတယ်။ အဲဒီတုန်းက သေဆုံးခဲ့ရသူတွေနဲ့ပတ်သက်တဲ့ အဖွဲ့ Mothers of Srebrenica အဖွဲ့က တစိတ်တဒေသ ကျေနပ်မိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သား၂ ယောက် နဲ့ ခင်ပွန်းသည် ဆုံးရှုံးခဲ့ရတဲ့ ဘော့စနီးယား မွတ်စလင် အမျိုးသမီး တဦးတော့ မလာဒစ်ချ်ကို ဘော့စနီးယား ကလေးငယ်တွေ ခံစား ခဲ့ရသလို ထပ်တူထပ်မျှ ခံစားရဖို့ ဒီထက်ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့ဆိုပါတယ်။