ဇင်ဘာဘွေသမ္မတ မူဂါဘီ နှုတ်ထွက်

ဗီဒီယို ပုံစာ, ဇင်ဘာဘွေသမ္မတ မူဂါဘီ နှုတ်ထွက်သွား
ရေးသားခဲ့သည်။

ဇင်ဘာဘွေမှာတော့ ၃၇ နှစ်ကြာ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ ရောဘတ်မူဂါဘီဟာ မနေ့ပဲ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။ ပါလီမန်က သူ့ကို စွပ်စွဲပြစ်တင်မှုတွေစတင်တဲ့ အချိန်မှာပဲ အခုလို နှုတ်ထွက်သွားတာဖြစ်ပါတယ်။

အဲဒါကြောင့် ပါလီမန် အတွင်းနဲ့အပြင်မှာ အကြီးအကျယ် အောင်ပွဲ ခံခဲ့ကြပါတယ်။ အရင် ဒုတိယ သမ္မတ ဖြစ်ခဲ့ဖူးတဲ့ အမ်မာဆင် မနန် ဂါဝါက လာမယ့် သောကြာနေ့ပါလီမန်မှာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသွားဖို့ရှိပါတယ်။ သူ့ကို တာဝန်ကနေ မစ္စတာ မူဂါဘီက ရပ်စဲ ပစ်ခဲ့ရာက အခုလို နိုင်ငံရေး ပြဿနာတွေ စခဲ့တာဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။