ဇင်ဘာဘွေ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို
ရေးသားခဲ့သည်။
ဇင်ဘာဘွေ နိုင်ငံဟာရာရဲမြို့တော်က အမျိုးသား အားကစား ကွင်းမှာ သမ္မတ သစ် အမ်မာဆင် မန်နန် ဂါဂွာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာကို လူ ထောင်သောင်းချီတက်ရောက်ခဲ့ပါတယ်။ သူက ဖွဲ့စည်းပုံနဲ့ ဇင်ဘာဘွေပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသွားမယ်လို့ ပြောပါတယ်။ သူ့ဆက်ခံခဲ့တဲ့ ၉၃ နှစ်အရွယ် သမ္မတဟောင်းရောဘတ် မူဂါဘီကတော့ ပင်ပန်းလွန်းနေလို့ အခမ်းအနားကို မတက်ရောက်နိုင်ဘူးလို့ဆိုပါတယ်။ ဇင်ဘာဘွေမှာ နှစ်ပေါင်းများစွာ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေ ကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။