မြန်မာနိုင်ငံတွင်း အဂတိ တိုက်ဖျက်မှု
ရေးသားခဲ့သည်။
အခုနှစ်ပိုင်းထဲမှာ ဝန်ကြီးဌာန အစုံက အဆင့်မြင့် အရာရှိ ကြီး တွေ အဂတိလိုက်စားမှုနဲ့ အရေးယူခံရတာတွေ ရှိလာပါတယ်။ အဲဒီမှာ တနင်္သာရီ တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဥပဒေချုပ်၊ အစားအသောက်၊ ဆေးဝါး ကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် အစရှိသလို အဆင့်မျိုးစုံ ပါဝင်ပါတယ်။ အခု နောက်ဆုံး ဧပြီလ ၁ ရက်နေ့ ကလည်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ကို အဂတိ အမှု နဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲ ဆိုလိုက်ပါတယ်။
အဂတိတိုက်ဖျက်ရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေ အကြောင်းကို ၂၀၁၇ နိုဝင်ဘာလက စပြီး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းနဲ့ ဝန်ကြီးဟောင်း ကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်ကို ကိုငြိမ်းချမ်းအေးက သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။