ကုန်သွယ်ရေး စစ်ပွဲမှာ ကြားက ဘယ်သူ အမြတ်ထွက်လဲ
ရေးသားခဲ့သည်။
အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဒီနေ့ ဝါရှင်တန်မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။ နှစ်ဘက်စလုံးကတော့ တချို့ အချက်တွေက လွဲရင် သဘောတူညီချက် တခု ရဖို့ နီးစပ်နေပြီလို့ဆိုကြပါတယ်။
ဒီလို ပြောနေပေမယ့်လည်း အမေရိကန်က တရုတ်အပေါ်ချမှတ်ထားတဲ့ အခွန်နှုန်းထားသစ် တွေကို ဘယ်တော့ ပြန်လည် ရုတ်သိမ်းပေးမလဲဆိုတာ မသိသေးပါဘူး။ ပြီးတော့ဒါဟာ တရုတ်ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေထဲက တခုပဲဖြစ်ပါတယ်။ တခြား ဘာတွေ ရှိနေသေးလဲ၊ သူတို့ အကြားက ကုန်သွယ်ရေး စစ်ပွဲကြောင့် ကြားက အမြတ်ထွက်သူတွေ ရောရှိနေသလား ဆိုတာကိုရင်မောင်က ပြောပြမှာပါ။