အဲလ်ဂျီးရီးယားမှာ ပြောင်းလဲဖို့ ဆန္ဒတွေပြ

ဗီဒီယို ပုံစာ, အဲလ်ဂျီးရီးယားမှာ ပြောင်းလဲဖို့ ဆန္ဒတွေပြ
ရေးသားခဲ့သည်။

အဲလ်ဂျီးရီးယား နိုင်ငံမှာ လာမယ့် ၃ လ အတွင်း လွတ်လပ်ပြီးမျှတ တဲ့ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ဝန်ကြီးချုပ်အသစ်က ပြောလိုက်ပါတယ်။ ဒါပေမယ့် လမ်းတွေပေါ်မှာတော့ လူ ထောင်ပေါင်းများစွာက အစိုးရ ကို ဆန့်ကျင် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ တိုင်းပြည်ရဲ့ သက်တမ်းအရှည်ဆုံး သမ္မတ အဗ္ဗဒဲလ်အဇစ္စ ဘူတာဖလီခါဟာ အနှစ် ၂၀ ကြာ ရယူထားခဲ့တဲ့ သမ္မတ နေရာကနေ ဆင်းပေးခဲ့ရပါတယ်။

မသီဒါနွယ်က ပြောပြမှာပါ။