ဆူဒန်သမ္မတကို စစ်တပ်ဖယ်ရှား
ရေးသားခဲ့သည်။
နောက်ဖွဲ့စည်းပုံ အသစ်အောက်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ကြားကလ အချိန် ၂ နှစ်ယူမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွင်းမှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာလိုက်ပြီး ၁ လ ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဘရှားရဲ့ နှစ် ၃၀ ဦးဆောင်မှု ကာလ အတွင်းမှာ တိုင်းပြည်အုပ်ချုပ်ရေးတွေ ညံ့ဖျင်းခဲ့တယ်လို့ ဆိုလိုက်ပြီး ဆန္ဒပြပွဲတွေအတွင်းမှာ သေဆုံးခဲ့ရသူတွေအတွက်လည်း တောင်းပန်စကားပြောလိုက်ပါတယ်။
အခုတော့ လမ်းတွေပေါ်မှာ လူ ရာထောင်ချီပြီး အောင်ပွဲ ခံနေကြပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲတွေ ဖြစ်လာအောင် စီစဉ်ခဲ့ကြသူ တွေကတော့ နောက်အစိုးရသစ်မှာ အရင် ဘာရှား အာဏာရှင် အစိုးရထဲက တယောက်မှမပါဝင်စေဖို့ အရေးကြီးတယ်လို့ပြောပါတယ်။
ဆူဒန်ထောက်လှမ်းရေးကလည်း နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး ပြန်လွှတ်ပေးနေပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။