အိုင်အက်စ်ကို ချေမှုန်းမယ်လို့ အမေရိကန်ပြော
ရေးသားခဲ့သည်။
နှစ်ပေါင်း ၅ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စလာမ်မစ်နိုင်ငံအဖွဲ့ခေါင်းဆောင် အဘူဘာကာ အဲလ်ဘာ့ဒါဒီ ရဲ့ ဗီဒီယို ထွက်လာခဲ့အပြီးမှာ အမေရိကန်ပြည်ထောင်စုက ဒီအဖွဲ့ကို အပြီးတိုင် ချေမှုန်းသွားမယ်လို့ပြောလိုက်ပါတယ်။
အဲဒီ ဗီဒီယိုထဲမှာ အိုင်အက်စ်က သီရိလင်္ကာမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောခဲ့ပြီး နောက်ထပ်လည်း ထပ်လုပ်သွားမယ်လို့ ပြောထားပါတယ်။
ကိုမိုးမြင့်က ပြောပြမှာပါ။