ယပ်တောင်ဝေပြီး နွေကုသိုလ် ယူကြတဲ့ ရန်ကုန်က လူငယ်တွေ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံရဲ့ ဒီနှစ်နွေရာသီမှာ စံချိန်တင် အပူဒဏ်မြင့်မားမှုတွေ ခံစားနေရပါတယ်။ ရန်ကုန်က လူငယ်ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ ဒါနစုဘူးက လူငယ်တွေကတော့ ရာသီဥတုပူပြင်းမှုကို တစ်ပိုင်တစ်နိုင်နည်းနဲ့ လျှော့ချနိုင်ဖို့ ကြိုးစားနေကြပါတယ်။
ယပ်တောင် ၁,၈၀၀ ခု ကို လူစည်ကားရာ ရန်ကုန်မြို့ လှည်းတန်းဈေး အနီးတဝိုက်က ဈေးသူဈေးသားတွေနဲ့ လမ်းသွားလမ်းလာတွေကို လှူဒါန်းဝေငှပေးခဲ့တာပါ။ သူတို့ရဲ့ နွေကုသိုလ် လှုပ်ရှားမှုအကြောင်းကို ရုပ်သံမှာ ရှုစားနိုင်ပါပြီ။