မူလာအစီရင်ခံစာ ဂယက် အရှိန်တက်
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ ခြေရှုပ်မှုတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းစစ်ဆေး ခဲ့တဲ့ ရောဘတ်မူလာရဲ့ အစီရင်ခံစာ အပြည့်အစုံကို ဖတ်ခွင့်ရဖို့ ကြိုးစား မှုတွေ ပိုမြင့်လာနေပါတယ်။ သမ္မတ ထရမ့်က အဲဒီ အစီရင်ခံစာကို တည်းဖြတ်မှု မပါ မူရင်းအတိုင်း ဒီမိုကရက်တွေ ဖတ်ခွင့်မရဖို့ သူ့ရဲ့ အထူးအာဏာနဲ့ တားဆီးခဲ့ပါတယ်။
ကွန်ဂရက်လွှတ်တော် တရားရေးဆိုင်ရာ ကော်မီတီကလည်း ရှေ့နေချုပ်ကို ကွန်ဂရက်လွှတ်တော်ကို အစီရင်ခံစာ အပြည့်အစုံကို လွှဲပေးဖို့ ငြင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ကွန်ဂရက် လွှတ်တော်ရဲ့ လုပ်ဆောင်မှုတွေကို တားဆီးမှုနဲ့ စစ်ဆေးသွားဖို့ အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
ကိုအောင်သွင်က ပြောပြမှာပါ။