မရှိမဖြစ် မဟုတ်တဲ့ ဝန်ထမ်းတွေ အီရတ်က ခွာဖို့ အမေရိကန် ပြော
ရေးသားခဲ့သည်။
အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ အရှိန်မြင့် ဖြစ်လာနေချိန်မှာပဲ အီရတ်မှာ အလုပ်လုပ်နေကြတဲ့ မရှိမဖြစ် ဝန်ထမ်းတွေက လွဲလို့ ကျန်အစိုးရ ဝန်ထမ်းတွေကို အဲဒီကနေ ထွက်ခွာကြဖို့ အမေရိကန်ဘက်က ညွှန်ကြားလိုက်ပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံလုံးကတော့ စစ်ပွဲ မဖြစ်ချင်ဘူးလို့ ပြောဆိုထားပါတယ်။
ဘာပဲပြောပြော အရှေ့အလယ်ပိုင်းမှာ အမေရိကန်ဘက်က ပိုပြီး ခြိမ်းခြောက်လာနေတာပါ။
သူတို့ဘက်ကတော့ အီရန် ကျောထောက်နောက်ခံ တပ်ဖွဲ့တွေရဲ့ အန္တရာယ်ကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ လုပ်တာလို့ ဆိုပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြပေးမှာပါ။