အာရှမှာ ပထမဆုံး လိင်တူချင်း လက်ထပ်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ်
ရေးသားခဲ့သည်။
အာရှမှာ ပထမဆုံးအဖြစ် လိင်တူချင်း ချစ်ခင်စုံမက်သူတွေ တရားဝင် လက်ထပ်နိုင်တဲ့ ဥပဒေကို ထိုင်ဝမ်လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်ပါပြီ။
နောက်ပြီး လိင်တူစုံတွဲတွေ ကလေးမွေးစားခွင့်ကို အကန့်အသတ်နဲ့ ခွင့်ပြုမယ့် အစိုးရရဲ့ ဥပဒေကြမ်းကိုလည်း လွှတ်တော်ကိုယ်စားလှယ် အများစုက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
ဒီလို တရားဝင် ခွင့်ပြုပေးလိုက်တဲ့အတွက် လိင်တူချစ်သူအရေး လှုပ်ရှားကြသူတွေက လွှတ်တော်အပြင်ဘက်မှာ တပျော်တပါး အောင်ပွဲခံနေကြပါတယ်။
ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ လူထုကြား အမြင်မတူတာတွေလည်း ရှိနေပါတယ်။
ကိုအောင်သွင်က ဆက်ပြောပြပေးမှာပါ။