CDF ကန်ပက်လက်ဌာနချုပ် စွန့်လွှတ်ခဲ့ရ

ဗီဒီယို ပုံစာ, CDF ကန်ပက်လက်ဌာနချုပ် စွန့်လွှတ်ခဲ့ရ
ရေးသားခဲ့သည်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် လက်နက်အင်အားမမျှသလို အနီးဝန်းကျင်က ရွာတွေ ထိခိုက်မှာစိုးလို့ ကန်ပက်လက်ဌာနချုပ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ ချင်းကာကွယ်ရေးတပ် CDF က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ဘက်မှာလည်း ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်က တိုက်ပွဲအခြေအနေကို မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။