စစ်ကိုင်းမှာ စစ်ကောင်စီ ရေကြောင်း အသုံးပြု တိုက်ခိုက်မှု ပိုများလာ

ဗီဒီယို ပုံစာ, စစ်ကိုင်းမှာ စစ်ကောင်စီ ရေကြောင်း အသုံးပြု တိုက်ခိုက်မှု ပိုများလာ
ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေက ရေကြောင်း အသုံးပြုပြိး တိုက်ခိုက်ရေးတွေ ပိုလုပ်လာနေတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောကြပါတယ်။

စစ်ကြောင်းထိုးတာ၊ ရိက္ခာဖြည့်တင်းတာတွေ နဲ့ လက်နက် သယ်ဆောင်မှုတွေကို စစ်ကောင်စီ ဘက်က ခြေလျင် နဲ့ လေကြောင်းကနေ အသုံးပြုနေတာ ဖြစ်ပေမဲ့ အခု မိုးရာသီမှာ တိုက်ခိုက်ခံရမှု နည်းပါး နိုင်ခြေရှိတဲ့ ရေကြောင်းကို ပိုမို အသုံးပြုလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရေကြောင်း အသုံးပြု တိုက်ခိုက်ရေးကြောင့် ဒေသခံ ကာကွယ်ရေး အဖွဲ့တွေဘက်မှာ ဘယ်လို အခက်အခဲတွေ ရှိနေပါသလဲ။ ကိုဝေဖြိုးက ပြောပြပေးမှာပါ။