အစိုးရသတင်းစာ လိုသေးလား

ရေးသားခဲ့သည်။
Burmese Newspaper
ဓာတ်ပုံ ပုံစာ, ဒီလို အစိုးရသတင်းစာ လိုသေးလား

ဒီမိုကရေစီခေတ်ကို သွားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရသတင်းစာ မလိုတော့ဘူး ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ရှိလာပါပြီ၊ ဒီတော့ အခု လတ်တလော အခြေအနေမှာ တကယ်ကို အစိုးရသတင်းစာတွေ မလိုတော့ဘူးလား။ သောတရှင်တွေ အနေနဲ့ ဘယ်လို ထင်မြင် ယူဆပါသလဲ။ ဒီအကြောင်းတွေကို ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ သတင်းစာဆရာ ဆရာဖေမြင့်၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်နဲ့ ဘီဘီစီ သောတရှင်တွေ ပါဝင်ဆွေးနွေးထားကြပါတယ်။

အစိုးရ သတင်းစာဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ The New Light of Myanmar သတင်းစာတွေကို ဆိုလိုပါတယ်။