ဇွန် ၂၉ တမိနစ် သတင်းဗီဒီယို

ရေးသားခဲ့သည်။

အကြပ်တွေ့နေတဲ့ ယူရိုငွေကြေးဇုံထဲက နိုင်ငံတွေမှာ ဘဏ္ဍာရေးတည်ငြိမ်မှုရှိလာဖို့ ဘဏ်တွေကို အစိုးရတွေက ကျားကန်ပေးဖို့နဲ့ ငွေချေးဖို့လိုနေတဲ့ စပိန်နဲ့ အီတလီလို နိုင်ငံတွေ အတိုးသက်သက်သာသာနဲ့ ချေးနိုင်ဖို့ ဘရပ်ဆဲလ်မှာ လုပ်နေတဲ့ အီးယူခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲက သဘောတူလိုက်ပါတယ်၊ ဒီအစီအစဉ်ကို ဂျာမနီလိုနိုင်ငံက ပြည်သူတွေကတော့ ဝေဖန်နေကြပါတယ်။

ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် ကုမ္ပဏီဖြစ်တဲ့ Nestle ကုမ္ပဏီဟာ ချောကလက်ထုတ်ရမှာ သုံးတဲ့ ကိုကိုးစေ့တွေ သူတို့ အဓိက မှာယူတဲ့ အိုင်ဗရီကို့စ်က ကိုကိုးထုတ် လုပ်ငန်းခွင်မှာ ကလေးတွေဟာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်၊ လုပ်ခ မရပဲ လုပ်ပေးနေရတာတာတွေရှိနေတယ် ဒါကို ကုမ္ပဏီဘက်က သေသေချာချာ စစ်ဆေးလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

တရုတ်အာကာသယာဉ်မှူး သုံးဦးဟာ အာကာသထဲမှာ ၂ ပတ်ကြာ နေခဲ့ပြီးတဲ့နောက် ကမ္ဘာမြေပေါ် ပြန်ဆင်းလာခဲ့ပါပြီ။ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး တဦးလဲပါတဲ့ ဒီအဖွဲ့ဟာ အာကာသထဲမှာ လှည့်နေတဲ့ ယာဉ်တစီးစီးနဲ့လဲ အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပါတယ်၊ ဒီအတွက် တရုတ်က အာကာသစခန်းတခုတည်ဆောက်ဖို့ ကြိုးပမ်းချက်တွေ ပိုပြီး နီးစပ်သွားပြီဖြစ်ပါတယ်။