အစိုးရထဲ အမျိုးသမီးတွေပါဖို့ ဥပဒေပြုဖို့လိုသလား
ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးအတွက် အထူးတောင်းဆိုစရာ မလိုဘူးလို့ အစိုးရ အဆက်ဆက်က ပြောခဲ့ဆိုခဲ့ပေမယ့်လို့ လက်ရှိ အစိုးရနဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေမှာတော့ အမျိုးသမီးတွေ ပါဝင်မှုဟာ လက်ချိုးရေလို့ရတဲ့ အရေအတွက်မှာပဲ ရှိပါသေးတယ်။ ဒီတော့ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေမှာ အမျိုးသမီး ပါဝင်မှု အချိုးအစားကို အရေအတွက် တခုအနေနဲ့ မဖြစ်မနေ ပါဝင်နိုင်ဖို့ လွှတ်တော်မှာ ဥပဒေပြဌာန်း သတ်မှတ်သင့်ပါသလား။ သောတရှင်တွေနဲ့အတူ ပြည်ပ အခြေစိုက် WLB အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်၊ နေပြည်တော် လွှတ်တော်တက်နေတဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ရဲ့ အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူတို့က ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ပါဝင်ဆွေးနွေးထားပါတယ်။