လန်ဒန် အိုလံပစ်ပွဲတော် သတင်းဗီဒီယို
လန်ဒန်အိုလံပစ် အားကစား ပွဲတော်ကြီး စတင်ဖို့ ၃ ပတ်ပဲ လိုပါတော့တယ်။
လန်ဒန်မှာ လမ်းတွေပြင်
လန်ဒန်မြို့လယ်က လမ်းတွေမှာတော့ အရေးတကြီး ပြင်ဆင်မှုတွေ တွေ့နေရပါတယ်၊ အိုလံပစ်ကာလအတွင်း အားကစားသမားတွေနဲ ပွဲလာတက်သူ ကိုယ်စားလှယ်တွေပဲ သီးသန့် သွားနိုင်တဲ့ လမ်းတွေလဲ သတ်မှတ်ပေးထားမှာပါ။
ရဝမ်ဒါက မသန်မစွမ်း အိုလံပစ်ပြိုင်ပွဲဝင်
ရဝမ်ဒါက ထိုင်လျက် ဘော်လီဘော ကစားသမားတွေကတော့ ဒီနှစ် မသန်မစွမ်း အိုလံပစ်ပွဲမှာ အစွမ်းပြနိုင်ဖို့ စိတ် အား ထက်သန် နေကြပါတယ်။
ဆုတံဆိပ်တွေ
တာဝါအော့ဖ် လန်ဒန်ဆိုရင် သရဖူတွေ၊ အဖိုးတန် ကျောက်မြက်တွေ နဲ့ သစ္စာဖောက်တွေကို ထိန်းသိမ်းခဲ့ရာ အဆောက်အဦကြီး တခုပါ၊ အခုတော့ ဒီမှာ အိုလံပစ်ပွဲတော်မှာ ပေးမဲ့ ဆုတံဆိပ် ၄၇၀၀ ကို ထားရှိပါတယ်၊
အိုလံပစ် မိသားစု
ဂျပန်က တာနာကာမိသားစုမှာ အကိုကြီး ကာဇူဟီတိုက ဂျွမ်းဘား စကစားပြီး ညီနဲ့ ညီမ ရီအေးနဲ့ ယူဆူကေးတို့ကလဲ လိုက်ကစားတော့ အားလုံး ဆုရှင်တွေ ဖြစ်လာပါတယ်။
အားကစားမှာ ပြိုင်ကြပေမဲ့ တခြားနေရာတွေမှာတော့ စိတ်ဝမ်းမကွဲရအောင် မိသားစုတွင်းမှာ ဂျွမ်းဘား အကြောင်း မပြောကြေး စည်းကမ်းချ ထားကြပါတယ်။