မိုဘီဂျီနိုနဲ့ ယဉ်မွန်ဟန်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Yin Mon Venessa Han, Youth Leader at WEF June 2013
ဓာတ်ပုံ ပုံစာ, မယဉ်မွန်ဟန်

ဒီတပတ် အစီအစဉ်မှာတော့ . . .

ဇွန်လဆန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာ လူငယ် ခေါင်းဆောင် တစ်ဦး တက်ရောက် ဆွေးနွေးခဲ့တဲ့ အတွေ့အကြုံတွေ အကြောင်း၊ သူ့ရဲ့ လူငယ် အိပ်မက်တွေအကြောင်း တင်ဆက်ပေးထားပါတယ်။

အသက် ၂၇ နှစ်အရွယ် မယဉ်မွန် ဗန်နက်ဆာ ဟန် ခေါ် မယဉ်မွန်ဟန်ဟာ ဒီညီလာခံမတိုင်ခင်ကလည်း ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာလည်း တက်ရောက် ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ရန်နိုင်ရဲ့ မြေး၊ နိုင်ငံတော် အဓိပတိဟောင်း ဒေါက်တာ ဘမော်ရဲ့ မြစ် ဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံကို မိသားစုနဲ့အတူ ငယ်စဉ်ကတည်းက လိုက်ပါ ပြောင်းရွေ့သွားခဲ့ပါတယ်။

Yin Mon Venessa Han, Youth Leader at WEF June 2013

မယဉ်မွန်ဟန် မဟာဘွဲ့ ယူပြီးချိန်မှာတော့ မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတချို့ မြင်တွေ့ရလို့ မြန်မာနိုင်ငံမှာ ပြန်အခြေချဖို့ ပြည်တော် ပြန်လာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အခုတော့ Myanmar Mentors ဆိုတဲ့ ပညာရေးနဲ့ ဆိုင်တဲ့ ပရဟိတ အဖွဲ့တစ်ခုကို တည်ထောင် လုပ်ကိုင်နေတဲ့အပြင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။

အစီအစဉ်ကို နားဆင်ရန်

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ် အိပ်မက်တွေကို ဝေမျှ ပြောပြချင် လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်ကဆိုရင်တော့ စာတိုက်သတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသားပေး ပို့နိုင်ကြပါတယ်။

ဒီအစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီ မြန်မာပိုင်း ရေဒီယို အသံလွှင့် အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး သောကြာနေ့ မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။