မြန်မာ့အရေးကမ္ဘာ့အရေး
ရေးသားခဲ့သည်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံ အာဆီယံအဖွဲ့ ဥက္ကဌဖြစ်လာပြီး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့မှာကျင်းပနေပါတယ်။ အာဆီယံ ရည်မှန်းချက်ဖြစ်တဲ့ Moving Forward in Unity to Peaceful and Prosperous Community ဆိုတဲ့အတိုင်း အဖွဲ့ကြီးကို ငြိမ်ချမ်းသာယာပြီး ကြွယ်ဝတဲ့ အဝန်းအဝိုင်းကြီး ထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေး ပဋိပက္ခအများဆုံးဖြစ်တဲ့ နိုင်ငံစာရင်းထဲမှာလည်းပါဝင်နေပါတယ်။
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းနေရတဲ့အတွက် အာဆီယံ ရည်မှန်းချက်ကို ဘယ်လောက် ခေါင်းဆောင်နိုင်မလဲ ဘာတွေရင်ဆိုင် ဖြေရှင်းရမလဲ ဆိုတာ ရခိုင်အမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာအေးမောင် Equality Myanmar အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း MDRIမှ သုတေသနမှူး ဦးအောင်သူငြိမ်း တို့ပါဝင်ဆွေးနွေး ထားပါတယ်။