လစ်ဗျားနဲ့ ဆီးရီးယားက ဓာတုလက်နက် ဖျက်သိမ်းရေး
ရေးသားခဲ့သည်။
ဆီးရီးယားဟာ ဓာတုလက်နက်တွေကိုဖျက်သိမ်းရေးမှာ အချိန်ဆွဲ နေတယ်လို့ အမေရိကန်က ပြောပါတယ်။
ဆီးရီးယားက ဓာတုလက်နက်တွေကို နိုင်ငံတကာကို လွှဲပေးရမယ့် နောက်ဆုံး သတ်မှတ်ရက်ကို မမှီနိုင်တော့တဲ့ အတွက် အခုလို ပြောလိုက်တာပါ။
တဘက်မှာတော့ လစ်ဗျား အစိုးရက သူ့ရဲ့ ဓာတု လက်နက်တွေကို ဖျက်ဆီး ပစ်လိုက်ပြီလို့ ပြောပါတယ်။