ထိုင်းက ကမ္ဘောဒီးယား က အလုပ်သမား ၁ သိန်းလောက် အိမ်ပြန်သွားကြ
ရေးသားခဲ့သည်။
ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ထိုင်းကနေ ကမ္ဘောဒီးယား အလုပ်သမား ၁ သိန်းလောက် အိမ်ပြန်သွားခဲ့ကြပါတယ်။ ထိုင်းစစ်တပ်အစိုးရက တရားမဝင်လာရောက် လုပ်ကိုင်နေသူတွေကို ကိုင်တွယ် တော့မလား စိုးရိမ်ကြတဲ့ အတွက်ပါ။ အခုပြန်ကြတာဟာ သူတို့ သဘောနဲ့ သူတို့ ပြန်ကြတာလို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့် က ပြောပြမှာပါ။