မိုဘီဂျီနို နဲ့ ကာယအလှမော်ဒယ်
မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတပတ်မှာတော့ ...
အမေရိကန်နိုင်ငံမှာ ကာယအလှမယ် နဲ့ မော်ဒယ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ဦးဖြစ်တဲ့ မမေသွယ်မောင်က ကာယအလှမယ်ပြိုင်ပွဲဝင်ဖို့ သူ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတဲ့ သူအကြောင်းတွေကို ဝေမျှေ ပြောပြထားပါတယ်။
သူဟာ အမေရိကန်က အလှမယ်ပြိုင်ပွဲကြီးတစ်ခုမှာ ဒုတိယဆု ရဖူးပါတယ်။
အခုလည်း တက္ကသိုလ်ပညာသင်ကြားရင်း တစ်ဘက်က အချိန်ပြည့်အလုပ်လုပ်၊ တစ်ဘက်မှာလည်း ကာယအလှလေ့ကျင်းခန်းတွေ ဆက်လုပ်နေပါတယ်။
အစီအစဉ်ကို နားဆင်ရန်
မိုဘီ ဂျီနို
မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။
ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဖြစ်ဖြစ်၊ bbcburmese@gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို <link type="page"><caption> BBC Burmese facebook</caption><url href="https://www.facebook.com/bbcburmese/posts/677071292348759" platform="highweb"/></link> က Message ဆိုတဲ့နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။
မိုဘီဂျီနို ထုတ်လွှင့်ချိန်
မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။
အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။





















