အိုင်အက်စ် လက်က မြို့တမြို့ ကာ့ဒ်တွေ ပြန်သိမ်း
ရေးသားခဲ့သည်။
ဆီးရီးယား နဲ့တူရကီ နယ်စပ်က ကိုဘာနီမြို့မှာ တိုက်ပွဲတွေဖြစ်ပွား နေဆဲ ဖြစ်ပြီး အိုင်အက်စ်တပ်တွေ ရှေ့ကို ပိုတိုးလာကြတယ်လို့ သိရပါတယ်။
အမေရိကန် စစ်ဘက်ကတော့ ကိုဘာနီရဲ့ နေရာအများစုကို ကာ့ဒ်တပ်ဖွဲ့တွေက ထိန်းထားနိုင်ဆဲ ဖြစ်ပြီး မဟာမိတ် နိုင်ငံတွေကလည်း လေကြောင်းကနေ အိုင်အက်စ်တွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
တချိန်ထဲမှာပဲ တူရကီကိုလည်း အိုင်အက်စ်ကို တိုက်ခိုက်ရာမှာ ပိုမို ပါဝင်ဆောင်ရွက်ဖို့ သံတမန်ရေးနဲ့ ကြိုးစားတာတွေလည်း လုပ်နေကြပါတယ်။
အီရတ်နိုင်ငံဘက်မှာတော့ လွန်ခဲ့တဲ့ ၂ လလောက်က အိုင်အက်စ်လက်ထဲ ကျခဲ့တဲ့ ရက်ဘီးယား မြို့ကို ကာ့ဒ်တပ်ဖွဲ့တွေက ပြန်သိမ်းလိုက်ပါတယ်။
အဲဒီမြို့ကို ဘီဘီစီက သွားရောက်သတင်းယူရင်း မြင်ရတဲ့ အခြေအနေတွေကို ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။