ဒစ်ဂျစ်တယ်စွဲရင် ဘယ်လို ဖြတ်မလဲ

ရေးသားခဲ့သည်။

အိပ်ရာ၀င် အိပ်ရာထ ဖုန်းလေးကိုင် တက်ဘလက်လေးကိုင် ဖေ့စ်ဘုခ်လေးကြည့်စသဖြင့် တနေ့တနေ့ အွန်လိုင်းပေါ်မှာပဲ တချိန်လုံးရှိနေတာဟာ တနည်းအာဖြင့်တော့ ဒစ်ဂျစ်တယ်လ် ရောဂါ စွဲကပ်တယ်ပေါ့။ အခုတော့ အဲဒီလို လူတွေအတွက် အွန်လိုင်းဖြတ်ပေးတဲ့ နေရာ ပေါ်လာပါပြီ။ လန်ဒန်မြို့က ဒစ်ဂျစ်တယ်လ် ငြိနေသူတွေကတော့ ဝေလ နယ်ကိုသွားလို့ အွန်လိုင်းဖြတ်နေကြပါတယ်။ အဲဒီမှာ အွန်လိုင်းတွေ ဝိုင်ဖိုင်တွေဝေးလို့ ဖုန်းတောင် လိုင်းမမိဘူးလို့ ဆိုပါတယ်။ ဆက်ကြည့်ရအောင်ပါ။ ဦးမောင်မောင်သန်းက ပြောပြမှာပါ။