လန်ဒန် မျှော်စင်က ပေါ်ပီပန်းတွေ

ရေးသားခဲ့သည်။

ပထမ ကမ္ဘာစစ် စတင်ခဲ့တဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အနေနဲ့ Tower of London မှာ ဆင်ယင်ထားတဲ့ ပေါ်ပီပန်းတွေကို လူ ၄ သန်းနီးပါး လာရောက် ကြည့်ရှုမယ်လို့ ခန့်မှန်းရပါတယ်။

ပထမ ကမ္ဘာစစ် စတင်ခဲ့တဲ့ နေ့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မှာ ဖြစ်ပြီး အဲဒီ အထိမ်းအမှတ် အဖြစ် Tower of London မှာ စိုက်ထူနေတဲ့ ပေါ်ပီပန်းတွေကို လူ ၄ သန်းနီးပါး လာရောက် ကြည့်ရှုမယ်လို့ ခန့်မှန်းရပါတယ်။
ဓာတ်ပုံ ပုံစာ, ပထမ ကမ္ဘာစစ် စတင်ခဲ့တဲ့ နေ့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မှာ ဖြစ်ပြီး အဲဒီ အထိမ်းအမှတ် အဖြစ် Tower of London မှာ စိုက်ထူနေတဲ့ ပေါ်ပီပန်းတွေကို လူ ၄ သန်းနီးပါး လာရောက် ကြည့်ရှုမယ်လို့ ခန့်မှန်းရပါတယ်။
Tower of London ရဲ့ မြို့ရိုး အပြင်ဘက် ကျုံးနေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ ပေါ်ပီပန်း ကြွေရုပ်တွေကို စိုက်ထူ ဆင်ယင်နေတာ ဖြစ်ပြီး နောက်ဆုံး ပေါ်ပီပန်းပွင့်ကို Armistice Day ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စိုက်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, Tower of London ရဲ့ မြို့ရိုး အပြင်ဘက် ကျုံးနေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ ပေါ်ပီပန်း ကြွေရုပ်တွေကို စိုက်ထူ ဆင်ယင်နေတာ ဖြစ်ပြီး နောက်ဆုံး ပေါ်ပီပန်းပွင့်ကို Armistice Day ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စိုက်မှာ ဖြစ်ပါတယ်။
ပေါ်ပီပန်း တစ်ပွင့်စီဟာ ပထမ ကမ္ဘာစစ်မှာ ကျဆုံးခဲ့တဲ့ စစ်သည် တစ်ဦးစီကို ကိုယ်စားပြုပါတယ်။
ဓာတ်ပုံ ပုံစာ, ပေါ်ပီပန်း တစ်ပွင့်စီဟာ ပထမ ကမ္ဘာစစ်မှာ ကျဆုံးခဲ့တဲ့ စစ်သည် တစ်ဦးစီကို ကိုယ်စားပြုပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ နောက်ဆုံး စိုက်ထူပြီးတဲ့ အခါ ပေါ်ပီ ပန်းပွင့်ပေါင်း ၈သိန်း ၈သောင်း ၈ထောင် ၂ ရာ ၄၆ပွင့် (၈၈၈၂၄၆)ရှိမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, နိုဝင်ဘာ ၁၁ ရက်မှာ နောက်ဆုံး စိုက်ထူပြီးတဲ့ အခါ ပေါ်ပီ ပန်းပွင့်ပေါင်း ၈သိန်း ၈သောင်း ၈ထောင် ၂ ရာ ၄၆ပွင့် (၈၈၈၂၄၆)ရှိမှာ ဖြစ်ပါတယ်။
ကြွေနဲ့ လုပ်ထားတဲ့ ပေါ်ပီပန်းတွေ ရောင်းရငွေဟာ ပေါင် ၁၅ သန်း အထိ ရှိနိုင်ပြီး အဲဒီငွေကို လူမှုကူညီရေး အသင်းအဖွဲ့တွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ကြွေနဲ့ လုပ်ထားတဲ့ ပေါ်ပီပန်းတွေ ရောင်းရငွေဟာ ပေါင် ၁၅ သန်း အထိ ရှိနိုင်ပြီး အဲဒီငွေကို လူမှုကူညီရေး အသင်းအဖွဲ့တွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။
အခုလို ဆင်ယင်မှုကို စင်မြင့် ဒီဇိုင်နာ Tom Piper ရဲ့ အကူအညီနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး သွေးလို အရည်တွေ ဖြာထွက် စီးဆင်းတဲ့ ပုံစံ ဖန်တီးလိုတာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ဓာတ်ပုံ ပုံစာ, အခုလို ဆင်ယင်မှုကို စင်မြင့် ဒီဇိုင်နာ Tom Piper ရဲ့ အကူအညီနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး သွေးလို အရည်တွေ ဖြာထွက် စီးဆင်းတဲ့ ပုံစံ ဖန်တီးလိုတာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ပေါ်ပီပန်းတွေကို အဲလိဇဘက် ဘုရင်မကြီး လာရောက် ကြည့်ရှုစဉ်။
ဓာတ်ပုံ ပုံစာ, ပေါ်ပီပန်းတွေကို အဲလိဇဘက် ဘုရင်မကြီး လာရောက် ကြည့်ရှုစဉ်။
ကျုံးနေရာမှာ ပေါ်ပီပန်းတွေ ပြည့်နေတဲ့ လန်ဒန်မျှော်စင်ကို ကောင်းကင်ကနေ မြင်ရစဉ်။
ဓာတ်ပုံ ပုံစာ, ကျုံးနေရာမှာ ပေါ်ပီပန်းတွေ ပြည့်နေတဲ့ လန်ဒန်မျှော်စင်ကို ကောင်းကင်ကနေ မြင်ရစဉ်။