မိုဘီ ဂျီနို နဲ့ ကျောင်းထောင်ချင်သူ

ရေးသားခဲ့သည်။

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

Thiri May
ဓာတ်ပုံ ပုံစာ, မသီရိမေ

ဒီတပတ်မှာတော့ လန်ဒန်မြို့က ကောလိပ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလူငယ်တစ်ဦးအကြောင်း တင်ဆက်ပေးထားပါတယ်။

မသီရိမေဟာ London School of Commerce မှာ ကျောင်းပြီးသွားတဲ့အချိန်မှာ ဒီကျောင်းမှာပဲ ပြန်အလုပ်လုပ်နေသူ ဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း ပုဂ္ဂလိက ကျောင်းထောင်ဖို့ စိတ်ကူးတွေ ရှိနေတယ်လို့ သိရပါတယ်။

သူနဲ့ မေးမြန်းထားတာကို ဒီအစီအစဉ်မှာ နားဆင်နိုင်ကြပါတယ်။

မိုဘီ ဂျီနို အစီအစဉ်

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။