မိုဘီဂျီနို နဲ့ ယူကေက ကရင်ဘောလုံးသမား

ရေးသားခဲ့သည်။
MobiGeno, Kler Heh, Footballer, Sheffield United
ဓာတ်ပုံ ပုံစာ, ကရင်လူငယ် ကလာဟဲ (ရှေ့ဆုံး)

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

အင်္ဂလန်အလယ်ပိုင်း ရှပ်ဖီးမြို့က ရှပ်ဖီး ယူနိုက်တက် ဘောလုံးအသင်းရဲ့ ယူ၁၈ လူငယ်အသင်းမှာ ကစားတဲ့ မြန်မာလူငယ် တစ်ဦးအကြောင်း တင်ဆက်ထားပါတယ်။

အသက် ၁၈ နှစ်အရွယ် ကရင်လူငယ် ကလာဟဲဟာ ဒီကလပ်အသင်းမှာ ကစားတာ ၄ နှစ်ရှိပါပြီ။ သူဟာ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုကနေ မိသားစုနဲ့အတူ ယူကေနိုင်ငံကို ရောက်လာသူတစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ဘောလုံကစားချင်သလို မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းမှာ ကစားနိုင်ဖို့က သူ့အိပ်မက်လို့ ပြောပါတယ်။

မိုဘီ ဂျီနို

MobiGeno, Kler Heh, Footballer, Sheffield United
ဓာတ်ပုံ ပုံစာ, ရှပ်ဖီး ယူနိုက်တက်က ကလာဟဲ (အနီ)

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno)တွေ အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ဆီကို ဆက်သွယ်နိုင်သလို <link type="page"><caption> BBC Burmese Facebook</caption><url href="https://www.facebook.com/bbcburmese" platform="highweb"/></link> ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်ရေးသားနိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။