အမျိုးသားလွှတ်တော် ရပ်ဆိုင်းမယ်

အမျိုးသားလွှတ်တော် ရပ်ဆိုင်းဖို့ ထောက်ခံမဲ ၁၂၈မဲ နဲ့ မဲခွဲဆုံးဖြတ်
ဓာတ်ပုံ ပုံစာ, အမျိုးသားလွှတ်တော် ရပ်ဆိုင်းဖို့ ထောက်ခံမဲ ၁၂၈မဲ နဲ့ မဲခွဲဆုံးဖြတ်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံအနှံ့မှာ ရေဘေးသင့်သူတွေကို ကူညီဖို့နဲ့ ရွေးကောက်ပွဲကာလ စည်းရုံးရေးလုပ်နိုင်ဖို့ အဆိုနဲ့ လွှတ်တော်ကို ရပ်နားဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

အခုလို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၂၈မဲ၊ ကန့်ကွက်မဲ ၃၄မဲ၊ ကြားနေမဲ ၁၄မဲ နဲ့ လွှတ်တော်ကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အခုလို အမျိုးသား လွှတ်တော် ရပ်နားတာဟာ လွှတ်တော်နိုင်ငံရေးမှာ အာဏာရပါတီရဲ့ လွှမ်းမိုးမှုရှိတယ်ဆိုတဲ့ ပြယုဂ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

အဲဒီအတွက် ပြည်ထောင်စုလွှတ်တော်မှာ အနည်းငယ် အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ သူကဆိုပါတယ်။

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကတော့ လွှတ်တော်ကို ရပ်နားလိုက်ပြီး ရေဘေးသင့်သူတွေ ကူညီရေးမှာ သွားရောက်မယ့် ကိုယ်စားလှယ်တွေဟာ မဲရနိုင်ခြေ ရှိတာကြောင့် အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေအတွက် အကျိုးရှိတယ်လို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ကို ခွင့်တိုင်ပြီး သွားရင် သွားနိုင်ကြောင်း၊ နိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေအတွက် အလုပ်ဆက်လုပ်ဖို့ လိုတယ်လို့ စောစောပိုင်းက ပြောထားတာဖြစ်ပါတယ်။