ယူကေကို အီးယူထဲဆက်ရှိဖို့ အိုဘားမားပြော

ရေးသားခဲ့သည်။

ယူကေကို သုံးရက်ကြာ တရားဝင်ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ သမ္မတအိုဘားမားက ဗြိတိန်နိုင်ငံကို ဥရောပသမ္မဂ အီးယူအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဆက်ရှိစေချင်တယ်လို့ ပြောပါတယ်။ သမ္မတအိုဘားမားနဲ့ သမ္မတကတော်မစ်ရှဲအိုဘားမားတို့ဟာ ဒီကနေ့မှာတော့ ဝင်ဆာရဲတိုက်မှာ အဲလစ်ဇဘက်ဘုရင်မကြီးနဲ့တွေ့ဆုံခဲ့ပြီး မကြာခင်မှာတော့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နဲ့တွေ့ဆုံဖို့ရှိပါတယ်။ အီးယူထဲမှာ ဆက်ရှိနေခြင်းဖြင့် ဗြိတိန်ရဲ့အကြမ်းဖက်တိုက်ဖျက်မှု၊ အလုပ်အကိုင်ဖန်တီးမှုတွေအပြင် ကမ္ဘာကို လွှမ်းမိုးနိုင်မှုတွေဟာ ဒီထက်ပိုပြီး ထိရောက်နိုင်မယ်လို့ အိုဘားမားက ဗြိတိသျှသတင်းစာတစောင်မှာ ဖော်ပြခဲ့ပါတယ်။ ကိုမင်းထက်ကပြောပြထားပါတယ်။