တောင်အာဖရိက နဲ့ မက္ကဆီကို

အသင်းအနေအထား
တောင်အာဖရိက - အသင်းသားအားလုံး ဒဏ်ရာကင်းနေလို့ နည်းပြကြီး ကာလို့စ် ပရဲရား အတွက် လူရွေးစရာ အများကြီး အဆင်ပြေနေပါတယ်။ ကြည့်ရတာကတော့ ပြီးခဲ့တဲ့ ငါးပွဲမှာ ခြောက်ဂိုးသွင်းထားပြီး ခြေစွာနေတဲ့ Katlego Mphela ကိုပဲ ရှေ့ဆုံးက တိုက်စစ်မှုး အဖြစ် တင်ပြီးကစား သွားမယ့်ပုံ ရှိပါတယ်။
မက္ကဆီကို - ကပ္ပတိန် Rafael Merquez ညာခြေ ဒဏ်ရာ သက်သာလို့ လေ့ကျင့်ကွင်းပြန်ဆင်းနေပါပြီ။ West Ham က တိုက်စစ် ကစားသမား Guillermo Franco လည်း ခြေချောင်း နာနေတာ ကောင်းသွားပြီမို့ အသင်းအတွက် စိတ်အေားစရာ ဖြစ်နေပါတယ်။
ပွဲ ခန့်မှန်းချက်
တောင်အာဖရိက အသင်းရဲ့ မျှော်လင့်ချက်တွေကတော့ နာမည်ကျော် ဘရာဇီးလူမျိုး နည်းပြကြီး ကာလို့စ် ပရဲရား အပေါ် ပုံချထားပုံပါပဲ။ တကယ်တော့ ကမ္ဘာ့ဖလား လက်ခံကျင်းပခွင့်ရခဲ့တဲ့ နိုင်ငံတွေထဲမှာ တောင်အာဖရိကဟာ ဖီဖာ အဆင့်သတ်မှတ်ချက်အရ အနိမ့်ဆုံး အိမ်ရှင် နိုင်ငံဖြစ်ပါတယ်။ ဒီနှစ် ပြိုင်ပွဲဝင် အသင်းတွေထဲမှာ သူ့ အောက်နိမ့်တာ မြောက်ကိုရီးယားပဲ ရှိပါတယ်။
တောင်အာဖရိကဟာ အုပ်စု အဆင့်နဲ့ ထွက်ရတဲ့ ပထမဆုံး အိမ်ရှင် နိုင်ငံ မဖြစ်ရအောင်တော့ ကျိုးစားမှာပါ။ တောင်အာဖရိက အသင်းဟာ ပြိုင်ပွဲ တစ်ပွဲမှ ဝင်မကစားတာ တစ်နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလက စပြီး ခြေစမ်းပွဲ ၁၂ ပွဲကစားခဲ့တာ ရှုံးပွဲ မရှိသေးလို့ စိတ်ဓာတ်ကတော့ တော်တော်လေး တက်ကြွနေပါတယ်။

မက္ကဆီကို အသင်းကလည်း ခြေထက်နေတဲ့ Andres Guardado, Giovani dos Santos နဲ့ Carlos Vela ပါလာသလို၊ မန်ယူကို သွားကစားတော့မယ့် လူငယ်လေး Javier Hernandez ကိုလည်း စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။
မက္ကဆီကို ကလည်း ဒီ ကမ္ဘာ့ဖလားအတွက် အသေအချာ ပြင်ဆင်နေတဲ့ အသင်းတစ်သင်းပါ။ ဒီနှစ်ထဲမှာတင် ခြေစမ်းပွဲ ၁၂ ပွဲ ကစားထားပြီး မကြာသေးခင်ကပဲ လက်ရှိချန်ပီယ် အီတလီကို လည်း ၂ ဂိုး ၁ ဂိုးနဲံ နိုင်ထားပါတယ်။
ဆုံခဲ့သမျှ
ဒီနှစ်သင်း လေးကြိမ် ဆုံဖူးတာမှာ မက္ကဆီကိုက ၂ ကြိမ် နိုင်ပြီး တောင်အာဖရိကက တစ်ကြိမ် နိုင်ဖူးပါတယ်။ နောက်ဆုံးတွေ့ဖူးတာက ၂၀၀၅ ခု အမေရိကန်နိုင်ငံ ရွှေဖလားပြိုင်ပွဲမှာ တောင်အာဖရိက က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တာပါ။
South Africa
- 16 Khune
- 02 Gaxa
- 04 Mokoena Captain
- 15 Thwala
- 20 Khumalo
- 08 Tshabalala
- 10 Pienaar
- 11 Modise
- 12 Letsholonyane
- 13 Dikgacoi
- 09 Katlego Mphela
Substitutes:
- 01 Josephs,
- 22 Walters,
- 03 Masilela,
- 05 Ngcongca,
- 14 Booth,
- 21 Siyabonga Sangweni,
- 06 Sibaya,
- 07 Davids,
- 19 Moriri,
- 23 Thanduyise Khuboni,
- 17 Parker,
- 18 Nomvethe
Mexico
- 01 Perez
- 02 Rodriguez
- 03 Salcido
- 04 Marquez
- 05 Osorio
- 12 Aguilar
- 16 Juarez
- 06 Torrado Captain
- 09 Franco
- 11 Vela
- 17 Giovani
Substitutes:
- 13 Ochoa,
- 23 Michel,
- 15 Moreno,
- 19 Magallon,
- 20 Torres,
- 07 Barrera,
- 08 Castro,
- 18 Guardado,
- 10 Blanco,
- 14 Hernandez,
- 21 Bautista,
- 22 Alberto Medina
















