အကြီးဆုံး စပိုင် လဲလှယ်မှုကြီး

စစ်အေးတိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း အမေရိကန်နဲ့ ရရှားနိုင်ငံတို့ကြား အရေအတွက်အများဆုံး စပိုင်သူလျှိုလဲလှယ်မှုကြီးကို သြစတြီးယားနိုင်ငံမှာ လုပ်ခဲ့ကြပါတယ်။
ဗီယက်နာလေဆိပ်မှာ အမေရိကန်လေယဉ်နဲ့ ရရှားလေယဉ်နှစ်စင်း မိနစ်ငါးဆယ်ကြာလောက် ဘေးချင်းယှဉ်ရပ်ထားခဲ့ပြီး လဲလှယ်ခဲ့ကြတာပါ။
အမေရိကန်တို့ ဖမ်းမိထားတဲ့ ရရှားသူလျှို ၁၀ ဦးနဲ့ ရရှားဘက်က ဖမ်းထားတဲ့ လူ လေးဦးတို့ အလဲအလှယ်လုပ်ကြပါတယ်။
လဲလှယ်ပြီးနောက် လေဆိပ်မှာ ရရှားလေယာဉ်က အရင်ထွက်ခွာသွားပြီး အမေရိကန်လေယဉ်ကတော့ မရှေးမနှောင်းမှာ ထွက်သွားပါတယ်။
ရရှားသူလျှိုတွေက သူတို့မှာ အပြစ်ရှိပါတယ်လို့ နယူးယော့ခ်က တရားရုံးမှာ ဝန်ခံပြောခဲ့ကြပါတယ်။
ရရှားက ဖမ်းထားတဲ့ လူလေးဦးကိုတော့ ရရှားသမတက မနေ့ညကပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
နှစ်နိုင်ငံရေးဆက်ဆံရေး မပျက်လို
တိုးတက်လာနေတဲ့ အမေရိကန်-ရရှားဆက်ဆံရေး ပျက်ပြားနိုင်လောက်အောင် ခြိမ်းခြောက်နေခဲ့တဲ့ ဒီစပိုင်ပြဿနာ ရှေ့ဆက်တိုးမလာဖို့ ဒီလို မြန်မြန်ဆန်ဆန် လဲလှယ်ကြတယ်လို့ ဘီဘီစီ သံတမန် ရေးဆိုင်ရာ သတင်းထောက် ဂျွန်နသန် မားကပ်စ်က သုံးသပ်ပါတယ်။
အရင်ကတော့ တဖက်နဲ့ တဖက် ဖမ်းမိထားတဲ့ သူလျှို တွေလဲလှယ်ဖို့ နှစ်နဲ့ ချီပြီး သံတမန်ရေး ဆိုင်ရာ ဆွေးနွေးကြခဲ့တဲ့ အလေ့ ရှိပါတယ်။
ဘယ်လိုပဲဖြစ်စေ နှစ်ဘက်ကြား စပိုင်တွေထားနေတုန်းပဲ ဆိုတာကတော့ ဘွင်းဘွင်းကြီး ပေါ်နေတဲ့ အခြေအနေပါ။




















