အီရန်သမ္မတရဲ့ ပြောကြားချက်ကို အိုဘားမား ရှုတ်ချ

အီရန်သမ္မတရဲ့ ပြောကြားချက်အပေါ် ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ အိုဘားမားပြော
ဓာတ်ပုံ ပုံစာ, အီရန်သမ္မတရဲ့ ပြောကြားချက်အပေါ် ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ အိုဘားမားပြော
ရေးသားခဲ့သည်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ကွယ် မှာ အမေရိကန်အစိုးရ ကိုယ်တိုင်ရှိနေတယ် လို့ အီရန်သမ္မတ အာမတ်ဒင်နာဂျတ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့က ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

''ဒါဟာ ရန်စစော်ကားတာဖြစ်ပြီး အမုန်းတရား တွေ ပါနေတယ်။ အထူးသဖြင့်တော့ မိသားစု တွေ၊ သူတို့ရဲ့ဆွေးမျိုးသားချင်းတွေ အသက် ဆုံးရှုံးခဲ့ရတဲ့ ဒီနယူးယောက်မြို့မှာပဲ အခုလို ပြောဆိုလိုက်တာဟာ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့'' မစ္စတာအိုဘားမားက ဘီဘီစီပါရှန် တီဗီဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြား သွားတာပါ။

အခုလို မစ္စတာ အာမတ်ဒင်နာဂျက်ရဲ့ ပြောဆိုချက်နဲ့ စက်တင်ဘာ ၁၁ တိုက်ခိုက်ခံရမှုအပေါ် သာမန်အီရန်ပြည်သူတွေရဲ့ စာနာမှုဟာ ဆန့်ကျင်ဖက် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

အီရန်ပြည်သူတွေနဲ့ အီရန်အစိုးရအကြား အခုလို အထင်ကရ ကွဲပြားမှုရှိနေတယ်ဆိုတဲ့ ကိစ္စဟာ ဒီတွေ့ဆုံမေးမြန်းခန်းရဲ့ အဓိက အကြောင်းအရာ ဖြစ်တယ်လို့ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက်ကပြောပါတယ်။

''တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန် အစိုးရ ရှိတယ်'' (အီရန်သမ္မတ)
ဓာတ်ပုံ ပုံစာ, ''တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန် အစိုးရ ရှိတယ်'' (အီရန်သမ္မတ)

နယူးယောက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲ တခုမှာတော့ အီရန်သမ္မတာဟာ သူ့ရဲ့ ပြောဆို ချက်တွေနဲ့ ပတ်သက်ပြီး ကာကွယ်ပြောကြား သွားပါတယ်။

ဒါပေမယ်လို့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု စုံစမ်း စစ်ဆေးရေးအတွက် အချက်အလက် ရှာဖွေမယ့် အဖွဲ့တခုဖွဲ့ရေးကိုတော့ သူက ပြောပါတယ်။

နောက်ပြီး သူ့အဆို ငြိမ်းချမ်းစွာ အစစ်အမှန် အသုံးပြုမယ့် တီဟီရန်ရဲ့ နျူကလီးယား အစီ အစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေလုပ်မယ် လို့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။