Democrats အရေးနိမ့်နေတဲ့ အမေရိကန် ရွေးကောက်ပွဲ

ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှာ သမ္မတ သက်တမ်းလယ် ရွေးကောက်ပွဲ အတွက် ကနဦး ရလဒ်တွေ ထွက်လာခဲ့ပြီး Republican တွေက သမ္မတ အိုဘားမားရဲ့ Democratic ပါတီကို အနိုင်ရ နေတယ်လို့ သိရပါတယ်။
ဆီးနိတ် လွှတ်တော်မှာ အင်ဒီယားနားနဲ့ ကန်တာကီ ပြည်နယ် အမတ်နေရာတွေမှာ Republican တွေက နိုင်ရတာ တွေ့ရပါတယ်။
Republican တွေဟာ လွှတ်တော် နှစ်ရပ်လုံးမှာ လွှမ်းမိုးနေတဲ့ Democrats တွေ အပေါ် အသာရဖို့ ကြိုးစားနေပြီး ဒီရွေးကောက်ပွဲရလဒ်ကြောင့် လွှတ်တော်အတွင်း အင်အားချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။
ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေနဲ့ အလုပ်လက်မဲ့ ပြဿနာအပေါ် အမေရိကန် ပြည်သူတွေ အကြီးအကျယ် မကျေမနပ် ဖြစ်နေတာကြောင့် Republican တွေနဲ့ သူတို့ရဲ့ Tea Party လှုပ်ရှားမှုက အားပေး ထောက်ခံမှု ရသွားတာ ဖြစ်နိုင်ကြောင်း ဝါရှင်တန်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

















