ဟေတီမှာ မဲလိမ်မှု ရှိလို့ သမ္မတ ရွေးကောက်ပွဲ ဖျက်သိမ်းပေးဖို့ တောင်းဆို

မဲလိမ်မှု ရှိတယ်လို့ ပြောနေတဲ့ အတိုက်အခံ ကိုယ်စားလှယ် Mirlande Manigat
ဓာတ်ပုံ ပုံစာ, မဲလိမ်မှု ရှိတယ်လို့ ပြောနေတဲ့ အတိုက်အခံ ကိုယ်စားလှယ် Mirlande Manigat
ရေးသားခဲ့သည်။

မကြာခင် အချိန်ပိုင်းကမှ ပြီးဆုံးသွားတဲ့ ဟေတီနိုင်ငံက သမ္မတ ရွေးကောက်ပွဲ ကို ဖျက်သိမ်းပေးဖို့ မြို့တော် ပေါ်တိုပရင့်စ်က လမ်းတွေ ပေါ်မှာ ထောင်သောင်း ချီတဲ့ လူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အစောပိုင်းတုန်း ကလည်း ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ ရှိတယ်ဆိုပြီး ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် ၁ဂ ယောက်ထဲက ၁၂ယောက်က ရှုတ်ချကာ ဒါနဲ့ပတ်သက်ပြီး ဆန္ဒပြကြဖို့ သူတို့ကို ထောက်ခံသူတွေကို ပန်ကြားခဲ့ပါတယ်။

မဲရုံ မဖွင့်ခင် ရောက်လာတဲ့ မဲပုံးတွေထဲမှာ လက်ရှိအစိုးရ ကိုယ်စားလှယ် Jude Celestin ကို ထောက်ခံတဲ့ မဲပြားတွေနဲ့ ပြည့်နေတယ်လို့ ထိပ်တန်း အတိုက်အခံ ကိုယ်စားလှယ် Mirlande Manigat က ပြောပါတယ်။