သမ္မတ ရာထူးက ဆင်းပြေးပေမယ့် တူနီးရှားမှာ ပစ်ခတ်မှု ဆက်ဖြစ်နေ

ဝန်ကြီးချုပ် Mohammed Ghannouchi နဲ့ အတိုက်အခံ ခေါင်းဆောင်တို့ ခေါင်းချင်းဆိုင် ဆွေးနွေးပြီ
ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် Mohammed Ghannouchi နဲ့ အတိုက်အခံ ခေါင်းဆောင်တို့ ခေါင်းချင်းဆိုင် ဆွေးနွေးပြီ
ရေးသားခဲ့သည်။

တူနီးရှား နိုင်ငံ တူးနစ်မြို့ မြောက်ပိုင်းက သမ္မတ နန်းတော်မှာ လုံခြုံရေးတပ်တွေနဲ့ သမ္မတရဲ့ သက်တော်စောင့် တပ်သားလို့ ယူဆရသူတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြ ဆူပူမှုတွေကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတ Zine al-Abidine Ben Ali ပြည်ပကို ထွက်ပြေးခဲ့ရပြီးနောက် တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာသူ ဘယ်သူ့ကိုမဆို သည်းခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Mohammed Ghannouchi က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ဆိုသွားခဲ့ပါတယ်။

အလုပ်လက်မဲ့နဲ့ အဂတိလိုက်စားမှုတွေ တိုးပွားလာတဲ့ အပေါ် ဆန္ဒပြကြတာ ကြောင့် သမ္မတက အခုလို ရာထူးစွန့်ခွာပြီး ဆော်ဒီအာရေဗျကို ထွက်ပြေးခဲ့ ရတာ ဖြစ်ပါတယ်။

ဒီနေ့ တနင်္လာနေ့မှာ ညွန့်ပေါင်း အစိုးရသစ်ကို ကြေညာမယ်လို့ မစ္စတာ Ghannouchi က ပြောပါတယ်။