ဘာရိန်းဆန္ဒပြသူတွေ မြို့လယ်ရင်ပြင်ထဲ ပြန်ဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, AP
ဘာရိန်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဆက်လက် ဆန္ဒပြဖို့ အတွက် မြို့တော် မနားမားက ပုလဲရင်ပြင် ထဲကို ပြန်ဝင်ရောက်လာခဲ့ကြပါတယ်။
အစပိုင်းကတော့ ဆန္ဒပြသူတွေ ဟာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး၊ ရဲတွေက မျက်ရည်ယိုဗုံး တွေ သေနတ်အတိုတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ရဲတွေ ပြန်ဆုတ်သွားပါတယ်။
အစိုးရဟာ ဖိနှိပ်တယ်၊ အကတိ လိုက်စားတယ် ဆိုပြီး ဆန္ဒပြသူတွေက စွပ်စွဲကာ အစိုးရ နှုတ်ထွက်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးကြ ပါတယ်။
ဒုတိယစစ်ဦးစီးချုပ် ဖြစ်တဲ့ ဘာရိန်း အိမ်ရှေ့ မင်းသား ကတော့ အတိုက်အခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
အစောပိုင်းကတော့ မြို့တော် မနားမား လမ်းမ တွေပေါ်ကနေ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကားတွေ ပြန်ရုပ်ဖို့ အိမ်ရှေ့မင်းသားက အမိန့်ပေးခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
နောက်ပြီး ကိစ္စရပ်တွေအားလုံး ဖြေရှင်းဖို့ အတွက် နိုင်ငံသားအားလုံး တိုင်းပြည်မှာ ငြိမ်ငြိမ်သက်သက်ရှိကြပါလို့ သူက ပြောကြား သွားပါတယ်။ လုံခြုံရေးကို ရဲက တာဝန်ယူ လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
ဘာရိန်းဘုရင်မိသားစုက တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဆွေးနွေးမှုတွေ လုပ်ဖို့ အတိုက်အခံတွေကို ကမ်းလှမ်းထားရာ အတိုက်အခံဖက်က စစ်တပ် ပြန်ရုပ်ရေး အပါ အဝင် ကြိုတင်စည်းကမ်းချက်တွေ တောင်းဆို ထားတာဖြစ်ပါတယ်။
အဓိက နိုင်ငံရေးအတိုက်အခံ ရှီရအုပ်စုကတော့ အစိုးရနှုတ်ထွက်ရေး တောင်းဆိုနေတာ ဖြစ်ပြီး ဆွေးနွေးပွဲ ကမ်းလှမ်းချက်တွေကို ပယ်ချလိုက်ပါတယ်။





















